Tether

Tether သည် blockchain ကို အခြေခံထားသည့် cryptocurrency တစ်ခုဖြစ်ပါသည်။ သူ့ရဲ့ coin လည်ပတ်မှုသည် fiat ငွေကြေးဖြစ်တဲ့ dollar၊ euro တို့ရဲ့ ပမာဏ အတိုင်းသွားပါသည်။ ဒါကြောင့် Tether သည် stablecoin အမျိုးအစားထဲပါဝင်ပါသည်။ Stablecoin ဆိုတဲ့ အတိုင်း Bitcoin၊ Ethereum တို့နဲ့ မတူပဲ​ စျေး အတက်အကျ ငြိမ်ပါသည်။ Tether network မှာ သုံးတဲ့ token ကိုတော့ USDT လို့ခေါ်ပါသည်။