Bitcoin

Bitcoin သည် ကြားခံ ပုဂ္ဂိုလ်​(သို့)ဘဏ် မလိုပဲ တစ်ဦးနှင့်တစ်ဦး တိုက်ရိုက်ပေးချေနိုင်သော နည်းပညာတစ်ခု ဖြစ်ပါသည်။ ထို့အပြင် Bitcoin သည် တစ်ဦးတစ်ယောက်ကမှ ထိန်းချုပ်ပိုင်ဆိုင်မှု မရှိပဲ၊​ မည်သူမဆို သုံးစွဲနိုင်သော ငွေကြေးအမျိုးအစားတစ်ခုလည်း ဖြစ်ပါသေးသည်။ ထိုနည်းပညာနှင့်ငွေကြေး​ နှစ်မျိုးလုံးကို Bitcoin ဟု ခေါ်သဖြင့် တခါတရံရောထွေးနိုင်ပါသည်။​ Bitcoin နည်းပညာ သည် open-source ဖြစ်ပြီး၊ သူ့ရဲ့ အလုပ်လုပ်ပုံကို လူတိုင်း ကြည့်ရှုလေ့လာနိုင်ပါသည်။​