Bitcoin Cash

Bitcoin Cash သည် Bitcoin ကဲ့သို့ တစ်ဦးနှင့်တစ်ဦး တိုက်ရိုက်ပေးချေနိုင်သော electronic ငွေကြေးစနစ်တစ်ခု ဖြစ်ပါသည်။ Bitcoin Cash သည် digital ပိုက်ဆံအဖြစ် သီးသန့်ရပ်တည်ရန် ၂၀၁၇ ခုနှစ်မှာ Bitcoin မှ ခွဲထွက်ခဲ့ပါသည်။ Bitcoin Cash နှင့် မည်သူ့ခွင့်ပြုချက်မှမလိုပဲ ၂၄နာရီ အချိန်မရွေး၊ နေရာမရွေး မိမိနှစ်သက်ရာလူကို ပိုက်ဆံလွှဲနိုင်ပါသည်။